လူနာ ဂွစာ (၁၁)
20-Mar-2017ကိုဂွစာ ချောင်းဆိုးနေသဖြင့် ဆေးခန်း လာပြသည်...
"ဆရာရေ... ချောင်းအရမ်းဆိုးနေတယ်ဗျာ..."
လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်
"ရော့... ဟောဒီ ဆေးရည်ကို တစ်နေ့ လက်ဖက်ရည်ဇွန်းနဲ့ ၄ ဇွန်းသောက်ပေးပါ..."
"ဗျာ... တခြား နည်းလမ်း မရှိဘူးလား ဆရာရယ်..."
"ဘာဖြစ်လို့လဲဗျ... ဒီဆေးက အစွမ်းထက်ပါတယ်..."
"ဟုတ်ကဲ့... သိပါတယ်... ဒါပေမယ့် အိမ်မှာက လက်ဖက်ရည်ဇွန်းက ၃ ဇွန်းထဲ ရှိလို့ပါ..."
:D :D :D
Credit : ကြယ်မင်းတာရာ